Sunday, January 10, 2016

ခေါင်းဆောင်

ကိုယ့်အလုပ်စားပွဲရဲ့ နံရံတဖက်ခြမ်းမှာ သူရှိနေတယ်လို့ ခံစားမိရုံနဲ့တင် စိတ်ချမ်းသာစေတယ်။
တံခါးတချပ်ကိုတွန်းလိုက်တာနဲ့ မှန်နံရံကနေတဆင့်
သူ့အလုပ်စားပွဲမှာ အေးအေးဆေးဆေး ထိုင်အလုပ်လုပ်နေတဲ့ သူ့ကိုမြင်ရတာလောက် စိတ်ချမ်းသာတာ မရှိဘူး။
သူ အလုပ်ကိစ္စနဲ့ ခရီးသွားနေတဲ့နေ့တွေဆို အဲ့ဒီတံခါးကို တွန်းဖွင့်ဖို့ အင်မတန်ဝန်လေးမိတယ်။
မှန်နံရံကနေတဆင့် သူ့ထိုင်ခုံမှာ ကျောမှီခေါင်းအုံးလေးပဲ မြင်ရတာလောက် ရင်ထဲလစ်ဟာစေတ...ာ မရှိဘူး။

အချင်းချင်း အလုပ်ကိစ္စကလွဲပြီး စကားတွေသိပ်မပြောဖြစ်ပေမယ့်
သူက ကိုယ့်အတွက် အမြဲစဉ်းစားငဲ့ညှာတတ်သလို
ကိုယ်ကလည်း သူဖြစ်ချင်တာကို အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်ပေးတတ်တယ်။

နူးညံ့သိမ်မွေ့မှုမှာ စွမ်းအားရှိတယ်ဆိုတာ သူက သက်သေပါပဲ။
အင်မတန် အေးဆေးစွာနေတတ်သလောက် ထက်ထက်မြက်မြက်လုပ်တတ်ကိုင်တတ်တဲ့ သူ့ကို မနာခံချင်တဲ့သူ လွန်ဆန်ချင်တဲ့သူမရှိဘူး။ သင်ပေးစရာရှိတာကို သေချာသင်ပြပေးပြီး လုပ်ချင်အောင် လုပ်တတ်အောင် အမျိုးမျိုး အားပေးတတ်တယ်။
သူ့ဆီမှာ ကိုယ့်အတွက်သင်ယူစရာတွေ အများကြီးရှိနေတယ်။
သူဟာ ပညာတတ်တစ်ယောက်ဖြစ်သလို ပညာရှိတစ်ယောက်လည်း ဖြစ်တယ်။
သူနဲ့ အလုပ်လုပ်ခွင့်ရနေတာကိုပဲ အင်မတန်ကံကောင်းလွန်းလို့ပါလို့ မကြာခဏတွေးဖြစ်နေတယ်။

ကိုယ်တိုင် ခေါင်းဆောင်လုပ်ရမယ်ဆိုလည်း သူ့လို ခေါင်းဆောင်မျိုးဖြစ်ချင်တယ်။
ခေါင်းဆောင်လုပ်နေတဲ့သူတိုင်းကိုလည်း သူ့လို ခေါင်းဆောင်မျိုးတွေဖြစ်စေချင်တယ်။
လူတိုင်းကိုလည်း သူ့လိုခေါင်းဆောင်မျိုးနဲ့ပဲ တွေ့စေချင်တယ်။

No comments:

Post a Comment