Sunday, January 10, 2016

သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပါ စောင့်ရှောက်ပါ

သာယာတဲ့ နေ့လေးတစ်နေ့...
စိမ်းစိုလှပတဲ့ ဥယျာဉ်ကြီးထဲမှာ
ကြောင်ကလေး တွမ်က ပျော်ပွဲစားထွက်နေလေရဲ့။
ကြွက်ကလေး ဂျယ်ရီကတော့
တွမ် တို့လို ဥယျာဉ်ထဲလာပြီး ပျော်ပွဲစားထွက်သူများ ပစ်ထားတဲ့ အမှိုက်တွေကို လိုက်ကောက်ရင်း
အမှိုက်အိတ်ကြီးကို မနိုင်မနင်း သယ်လာပါတယ်။

တွမ် နဲ့ ဂျယ်ရီ တွေ့တော့
တွမ် - "ဟေ့ ဂျယ်ရီ.. ငါနဲ့ မဆော့ချင်ဘူးလား"
ဂျယ်ရီ - "ဥယျာဉ်ဆိုတာ သန့်ရှင်းစိမ်းစိုနေမှ ပိုလှတာ၊ ငါနဲ့အတူ အမှိုက်လိုက်ကောက်ပါလား"
တွမ်က မသိသလို မကြားသလိုနဲ့ ဆက်ကစားရင်း အမှိုက်တွေလျှောက်ဖွနေတယ်။
ဂျယ်ရီလေးက အမှိုက်တွေလိုက်ကောက် အမှိုက်အိတ်တွေကို မနိုင်မနင်းသယ်ပိုး ရှင်းလင်းနေပါတယ်။
နောက်တစ်နေ့...
နေအရမ်းပူလွန်းလို့ တွမ်က အရိပ်ကောင်းတဲ့တောအုပ်လေးဆီ သွားတယ်။
တောအုပ်လေးထဲ အေးအေးလူလူ လျှောက်သွားနေရင်း သူ့ခမျာ ဗိုက်ဆာလာရော။




မနီးမဝေးမှာ သရက်သီးတွေ ပြွတ်ခဲနေတဲ့ ဧရာမ သရက်ပင်ကြီးတပင်ကို မြင်လိုက်ရတော့ ၀မ်းသာအားရနဲ့ သ
ရက်သီးတွေခူးဖို့ စိတ်ကူးလိုက်တယ်။ သရက်ပင်ကြီးက မြင့်လွန်းအားကြီးတော့ မတက်ရဲဘူး ဖြစ်နေတယ်။
အဲဒါနဲ့...တွမ်က...
သရက်ပင်ကို ခုတ်ဖို့ စိတ်ကူးလိုက်တယ်။ တွမ် သရက်ပင် ခုတ်နေတုန်းမှာ ဂျယ်ရီရောက်လာတယ်။
ဂျယ်ရီက သရက်ပင်ကို မခုတ်ဖို့ တွမ်ကို တောင်းပန်ပြောပေမယ့် သူကတော့ ဆက်ခုတ်ပြီးနောက် သရက်သီး
တွေကို ခူးစားလိုက်ပါတယ်။

ဂျယ်ရီက စိတ်ပျက်လက်ပျက်နဲ့ တွမ့်ကို ဘယ်လို ပညာပေးရမလဲလို့ စဉ်းစားနေတယ်။
တစ်နေ့မှာတော့...
ဂျယ်ရီက ရတနာသိုက်လမ်းညွှန်မြေပုံတခု လုပ်ပြီး မြေပုံကို တွမ်အိမ်နားမှာ သူမသိအောင် သွားထားလိုက်တယ်။
တွမ်က အဲဒီမြေပုံလေးတွေ့တော့ ၀မ်းသာအားရနဲ့ ရတနာသိုက်ရှာပုံတော် ထွက်တော့တာပေါ့။ ဂျယ်ရီက တွမ့်
နောက်ကို နောက်ယောင်ခံလိုက်သွားပါတယ်။
မြေပုံအတိုင်းလျှောက်သွားလိုက်တာ ညစ်ပတ်နံစော်နေတဲ့ တောထဲတနေရာကို ရောက်သွားပြီး အသက်ရှူရ
ခက်လွန်းလို့ အင်မတန်မောဟိုက်နေတော့ သူသွားနေကျ စိမ်းစိုလန်းဆန်းနေတဲ့ ဥယျာဉ်လေးနဲ့ တောအုပ်ေ
လးကို အရမ်းသတိရနေတယ်။
သူ အမှိုက်ပစ်ခဲ့တာတွေ...သစ်ပင်ခုတ်ခဲ့တာတွေ...
တကယ်လို့ သူ ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် အဲဒီ့ဥယျာဉ်လေးနဲ့ တောအုပ်လေးလည်း အခုလို ညစ်ပတ်နံ
စော်လာမှာပဲ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အမှိုက်ပစ်တာတွေ သစ်ပင်ခုတ်တာတွေ မလုပ်တော့
ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနေ့ကစပြီး တွမ်နဲ့ဂျယ်ရီဟာ အချင်းချင်းနားလည်ခင်မင်သွားကြပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလု
ပ်ငန်းတွေကို အတူတူ အားတက်သရော လုပ်ကြပါတော့တယ်။
သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားစောင့်ရှောက်ရင်
သဘာဝပတ်ဝန်းကျင်က ကျွန်တော်တို့ကို စောင့်ရှောက်ပါလိမ့်မယ်။
Story & Photos Credit - www.storyjumper.com

No comments:

Post a Comment