Wednesday, May 22, 2013

Life of PI

Pi တန်ဖိုးဆိုတာ ပုံသေ သတ်မှတ်ချက်ရှိတယ်။
ဘယ်တော့မဆို မပြောင်းလဲဘူး။
အရာရာတိုင်းမှာလည်း တန်ဖိုးသတ်မှတ်ချက်ရှိပါတယ်။
လူမှ မဟုတ်ဘူး။
တောတွင်းတိရစ္ဆာန်တွေ၊ သစ်ပင်တွေ၊ တော တောင် ရေ မြေ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားသလို ပတ်ဝန်းကျင်က အရာတိုင်းကိုလည်း တန်ဖိုးထားသင့်ပါတယ်။
ကောင်လေးရဲ့ ရွက်လှေလေး နောက်ဆုံး ကမ်းကပ်တော့ ကျားကြီးက ကောင်လေးကို လုံးဝလှည့်မကြည့်တော့ပဲ တောထဲကို ၀င်သွားတဲ့အခါ
ကောင်လေးက အရမ်းဝမ်းနည်းနေတာကြည့်ပြီး အတွေးတစ်ခုရခဲ့တယ်။
သတ္တ၀ါတိုင်းရဲ့ ဘ၀နေထိုင်မှုပုံစံကို ပုံသေသတ်မှတ်ထားပြီးသား၊
သူ့ဝန်းကျင် သူ့အသိုင်းအ၀ိုင်းထဲမှာ သူကျင်လည်ကြရတာကိုး။
ဒါကြောင့် တောထဲမှာနေလေ့ရှိတဲ့ သတ္တ၀ါတွေက တောမှာပဲပျော်တာပါ။
သူတို့ကို တိရစ္ဆာန်ရုံတွေ လှောင်အိမ်တွေ နဲ့ အလှမွေး ကန်တွေ ထဲမှာ ထည့် လှောင်ထားတာ တော်တော်သနားဖို့ကောင်းပါတယ်။
နေဖို့ စားဖို့ မပူရပေမယ့် ဘာလွတ်လပ်မှုမှ မရှိပဲ သူ့တို့ရဲ့ ပုံသေတန်ဖိုး ပျောက်ပြီး ဘ၀မဆန်တော့ဘူးလေ။
(Life of PI ရုပ်ရှင် ခံစားမှု)