Sunday, August 12, 2012

လူ့အရည်အသွေး


လူတွေရဲ့ (personality)အရည်အသွေး အရောင်အဆင်းကို အနီ၊ အပြာ၊ အဖြူ နဲ့ အ၀ါ ဆိုပြီး ခွဲခြားနားလည်နိုင်ပါတယ်။ ဒါကို နားလည်ထားမယ်ဆိုရင် လူတွေနဲ့ ဆက်ဆံတဲ့အခါ  Personality အရောင်ပေါ်မူတည်ပြီး ဆောင်ရန် ရှောင်ရန် တွေကို လိုက်နာနိုင်ပါတယ်။
လူတိုင်းမှာ primary color တမျိုးစီတော့ ရှိပါတယ်။ တခါတလေ အခြေအနေအမျိုးမျိုးကြောင့် secondary color တွေတော့ ၀င်လာတတ်ပါတယ်။ သင်ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ကလူတွေကိုရော သတိထားကြည့်ပါ။ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။
အနီ
Red Personality သမားတွေဟာ Power ကို ကိုယ်စားပြုပါတယ်။ သူတို့မှာ လုပ်ရည်ကိုင်ရည် ရှိပါတယ်။ ခေါင်းဆောင်လိုစိတ်၊ တာဝန်ယူလိုစိတ် အပြည့်ရှိပါတယ်။ စူးရှတဲ့ အတွေးအမြင်ရှိပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ သူတပါးအပေါ်လည်း လွှမ်းမိုးလိုစိတ်များကြပါတယ်။
Red Personality သမားတွေနဲ့ ဆက်ဆံတဲ့အခါ 
ဆောင်ရန်
၁။ တိကျ သေချာပါ။
၂။ ဖြစ်ချင်တာကို တိုက်ရိုက် အသိပေးပါ။
၃။ ဂရုစိုက်မှု လေးစားသမှု ရှိပါ။
၎။ တည်ကြည်လေးနက်မှု  ရှိပါ။
ရှောင်ရန်
၁။ ဇဝေ ဇ၀ါ ချိတုံ ချတုံ ဖြစ်မနေရပါ။
၂။ ပုဂ္ဂိုလ်ရေးအရ စွက်ဖက်ပြောဆိုမှုကို သတိထားပါ။
၃။ သင် တကယ်စိတ်မ၀င်စားသော သေချာမသိသော ကိစ္စများကို မပြောရပါ။
အပြာ
Blue Personality သမားတွေဟာ Intimacy (close familiarity or friendship) ကို ကိုယ်စားပြုပါတယ်။
သူတို့မှာ အကောင်းမြင်စိတ်များပြီး ကိုယ့်ကိုယ်ကို ကောင်းဖို့ အမြဲကြိုးစားလိုစိတ်ရှိကြပါတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြပြီး ရိုးသားစွာ နေလိုကြပါတယ်။ ခင်မင် ဖော်ရွေတတ်သူများလည်း  ဖြစ်ကြပါတယ်။ သူတပါးတွေဆီကလည်း ရိုးသားစွာ ဆက်ဆံလာတာကိုပဲ လိုလားတတ်ပါတယ်။
Blue Personalityသမားတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ရိုးသားပါ။
၂။ နားလည်ပေးပါ။
၃။ ရင်းနှီးဖော်ရွေပါ။
ရှောင်ရန်
၁။ အတင်းအကျပ် ချက်ချင်းဆုံးဖြတ်ခိုင်းတာမျိုး မလုပ်ရပါ။
၂။ ကြမ်းတမ်းစွာ မဆက်ဆံရပါ။
၃။ အပြစ်တင် ပြောဆိုမှု မပြုရပါ။
အဖြူ
White Personalityသမားတွေကတော့ Peace ကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ အေးဆေးစွာ နေလိုပြီး စိတ်ရှည် သည်းခံတတ်သူများဖြစ်ပါတယ်။ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားရှိပြီး သဘောထား ကြီးသူများ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ အတိုက်အခံ သိပ်မလုပ်တတ်ပဲ သူတပါးတွေကို ဦးစားပေးအနစ်နာခံလိုစိတ်ရှိပါတယ်။ ဒီလိုလူတွေနဲ့ ဆက်ဆံရတာ သင့်အတွက် သက်တောင့်သက်သာ ရှိစေပါတယ်။
White Personality သမားတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ပွင့်လင်းပါ။
၂။ စာနာပါ။
၃။ လွတ်လပ်မှုပေးပါ။
ရှောင်ရန်
၁။ ဖိအားမပေးပါနှင့်။
၂။ မလွှမ်းမိုးပါနှင့်။
၃။ မကြမ်းတမ်းပါနှင့်။
အ၀ါ
Yellow Personality  သမားတွေဟာ Fun ကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ ပျော်ရွှင်ပေါ့ပါးစွာနေလိုသူများ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး အပေါင်းအသင်းမင်သူများ ဖြစ်ပါတယ်။ လွတ်လပ်စွာ တွေးခေါ်တတ်ပြီး ဟာသဥာဏ် ရှိသူများဖြစ်ပါတယ်။
Yellow Personality ရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ပွင့်လင်းပါ။
၂။ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံပါ။
ရှောင်ရန်
၁။ ထိန်းချုပ်ဖို့ မကြိုးစာပါနှင့်။
၂။ ပေါ့ပေါ့နေတတ်သူများအဖြစ် အထင်မသေးပါနှင့်။

***သင်ရော ဘယ်လို personality ရှိပါသလဲ။
လူတိုင်းမှာ primary color တမျိုးစီတော့ ရှိပါတယ်။ တခါတလေ အခြေအနေအမျိုးမျိုးကြောင့် secondary color တွေတော့ ၀င်လာတတ်ပါတယ်။ သင်ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ကလူတွေကိုရော သတိထားကြည့်ပါ။ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။
(Taylor Hartman ရဲ့  The Power of Color ကို ဖတ်ပြီး သဘောကျလို့ နားလည်သလို ပြန်ရေးထားပါတယ်)

No comments:

Post a Comment