Wednesday, March 21, 2012

ထောင်ချောက်

အာဖရိကမှာ မျောက်တွေကို အုန်းသီးမှာ အပေါက်ဖေါက်ပြီး အထဲမှာ စားစရာကို ထည့်ပြီး ထောင်ချောက်အဖြစ်သုံးပြီး ဖမ်းလေ့ရှိကြတယ်။ အုန်းသီးရဲ့ အပေါက်က မျောက်ရဲ့လက်ဖြန့်ပြီးထည့်လို့ရယုံပဲရှိတယ်။ မျောက်က စားစရာကို ဆုပ်ယူလိုက်တဲ့အခါ လက်ကို ပြန်ထုတ်လို့မရတော့ဘူး။ မျောက်က စားစရာကို လွှတ်ချပြီး လက်ကို ပြန်ထုတ်ဖို့ မစဉ်းစားနိုင်ပဲ ထောင်ချောက်မိနေတော့တယ်။

ဘ၀မှာ လိုချင်စိတ်တွေ ဖြစ်ချင်စိတ်တွေပြင်းပြနေချိန်မှာ
ဘာကိုမှ မစဉ်းစားနိုင်ပဲ ဖြစ်နေတတ်တယ်။
အဲဒီအချိန်မှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး
ကိုယ်က ဘာကို ဆုပ်ကိုင်ထား နေတာလဲ?
ကိုယ်ဆုပ်ကိုင်ထားတဲ့ အရာတွေဟာ ကိုယ့်အတွက် တကယ် အရေးကြီးရဲ့လား?
တကယ်မလိုအပ်တာတွေ အရေးမကြီးတာတွေကို လွှတ်ချနိုင်ဖို့ ဆင်ခြင်သင့်တယ်။
ဆင်ခြင်စိတ်လေးဝင်လာပြီး အဲဒါကို လက်ခံလိုက်တာနဲ့ တပြိုင်နက်တည်း စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးမှုကို ရသွားတယ်။

No comments:

Post a Comment