Tuesday, August 14, 2012

အကောင်းမြင်စိတ်ကို မွေးမြူခြင်း

အကောင်းမြင်တတ်ခြင်းဟာ ဘ၀မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ များစွာအထောက်အကူပြုပါတယ်။အကောင်းမြင်တတ်တာဟာ မိမိရဲ့ သဘာဝဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးလို့ရပါတယ်။
လူနေမှုဘ၀မှာ ကြုံတွေ့ရတာတွေထဲမှာ အကောင်း အဆိုးရောနေပါတယ်။ အဆိုးတစ်ခုကြုံနေရစဉ်မှာ ကောင်းတာတွေလည်း ဒွန်တွရှိနေတတ်ပါတယ်။ အဲဒါကို မြင်တတ်အောင် လေ့ကျင့်ပေးရမှာပါ။
နောက်တော့ ကျင့်သားရသွားပြီး အကောင်းမြင်တတ်တဲ့အားကောင်းလာပါမယ်။
၁။ ကောင်းတာတွေကို ရှာကြည့်ပါ။
          ဥပမာ- ဘတ်(စ်)ကား ကျပ်ကျပ်စီးရတဲ့အခါမျိုးမှာ ဘယ်လိုကောင်းတာမျိုးရှိနိုင်ပါသလဲ။
ကားအပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် စိမ်းစိမ်းစိုစို သစ်ပင်လေးတွေ မြင်ရတတ်ပါတယ်။ မျက်စိအားကောင်းစေပြီး စိတ်လည်း သက်သာစေပါတယ်။
၂။ ကောင်းတဲ့အတွေးအခေါ်တွေကို လေ့လာမှတ်သားပါ။
          ကောင်းတဲ့အတွေးအခေါ် အဆိုအမိန့်လေးတွေကို ဖတ်ထား မှတ်ထားခြင်းဖြင့် မိမိကြုံရတဲ့ အခြေအနေနှင့်သင့်တော်တဲ့အခါ စိတ်နှလုံးသွင်းကောင်းတွေ ၀င်လာဖို့ အမှတ်ရစေပါတယ်။ ကျန်းမာဖို့ အာဟာရကောင်းကို စားရသလိုပဲ စိတ်ကျန်းမာဖို့လည်း စိတ်ခွန်အားရှိစေမယ့် စာပေကို ဖတ်ရှုရပါတယ်။
၃။ ဂီတကို နားဆင်ပါ။
          မိမိနှစ်သက်ရာ ဂီတကို စိတ်နှစ်ပြီး နားထောင်တာဟာလည်း စိတ်ကို သက်တောင့်သက်သာရှိစေပါတယ်။ အနားရနေတဲ့စိတ်ဖြင့် မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ကောင်းတာတွေ အများကြီးမြင်ရပါလိမ့်မယ်။

No comments:

Post a Comment