Thursday, November 28, 2013

ပြန်လည်တွေ့ဆုံပွဲ ဆိုတာ ...

ပြန်လည်တွေ့ဆုံပွဲ ဆိုတာ
ရုပ်ဖျက်ပြီး လာတဲ့သူတွေ ဆုံတဲ့ပွဲပါ။
အသက်တွေကြီးလာတော့ ရုပ်တွေပြောင်းလာကြတယ်။
ဘ၀ပေး အခြေအနေတွေပြောင်းလာကြတယ်။

မပြောင်းလဲတာဆိုလို့
အချင်းချင်း ရင်းရင်းနှီးနှီး သိနေတဲ့ မျက်ဝန်းလေးတွေ၊
လှိုက်လှဲတဲ့ အပြုံးလေးတွေနဲ့
နွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။

တစ်နှစ်တစ်ခါမှ တွေ့ဖြစ်ကြတယ်ဆိုပေမယ့်
တစ်နှစ်စာအတွက် စိတ်ခွန်အားတွေ ပေးနိုင်ပါတယ်။

ဒါကြောင့် ပြန်လည်တွေ့ဆုံပွဲတွေကို
သွားဖြစ်အောင် သွားကြဖို့ တိုက်တွန်းပါရစေ။


No comments:

Post a Comment