Sunday, January 10, 2016

ဘတ်စ်ကားစီးသူများ

ဟောတစ်စီး.. ဟောတစ်စီး... ထိုးရပ်လာတဲ့ ဘတ်စ်ကားတွေထဲက ကိုယ်နဲ့ သက်ဆိုင်ရာကားပေါ်ကို ကမန်းကတန်းတက်ကြရတယ်။
ကားပေါ်ရောက်တာနဲ့ ထိုင်စရာနေရာသာ မသေချာပေမယ့် စပယ်ယာရဲ့ အသံစွာစွာကိုတော့ ကြားရတာ အသေအချာပဲ။ တချို့တွေ ထိုင်၊ တချို့တွေ ရပ်၊ တချို့တွေ ဘုရားစာရွတ်၊ တချို့တွေ ပုတီးစိပ်၊ တချို့တွေက ဖုန်းနဲ့ အလုပ်ရှုပ်၊ ကားအရွေ့တိုင်းမှာ ယိမ်းထိုးလိုက်ပါကြရတယ်။ ရေးကြီးသုတ်ပြာ အလုအယက် အပြိုင်အဆိုင်မောင်းကြတဲ့ကားတွေဟာ မီးပွိုင့်တွေမှာ ငုတ်တုတ်မေ့ကြရတယ်။
...
ကားပေါ်က လူအများစုဟာ အ၀တ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထားပေမယ့်
မျက်နှာတွေကတော့ ခပ်နွမ်းနွမ်းရယ်။ မျက်လုံးတွေကလည်း စိတ်ချလက်ချ ရှိမနေဘူး။ လူအများစုဟာ စိတ်ရှည်ဖို့ထက် အထိမခံနိုင်ဖြစ်နေကြတာ။ ဘုရားစာရွတ်နေတယ်လို့ယူဆရတဲ့ နှုတ်ခမ်းလှုပ်စိလှုပ်စိရှိနေသူတွေ၊ counter တချောက်ချောက်နဲ့ ပုတီးစိပ်နေသူတွေတောင် သူတို့ကို မတော်တဆ ထိမိတိုက်မိရင် အော်ဟစ်သောင်းကျန်းဖို့ ၀န်မလေးတတ်ဘူး။ ရဟန်းသံဃာတော်တွေကို နေရာပေးရကောင်းမှန်း မသိကြတော့ဘူး၊ ကလေးသူငယ် နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း နေရာပေးရကောင်းမှန်း မသိကြတော့ဘူး။ ကားပေါ်မှာ လူ့ အတ္တကို အနီးစပ်ဆုံး မြင်နိုင်တယ်။ အချင်းချင်းကူညီရိုင်းပင်းမှု၊ ညှာတာမှုတွေ သိပ်မရှိကြဘူး။
အခုနောက်ပိုင်းမှာ ကျား၊ မ တန်းတူ အခွင့်အရေးဆိုတာကို
ဘတ်စ်ကားပေါ်မှာ ပိုအလေးထားလာပုံရတယ်။ တခါတလေ တကားလုံးမှာ ထိုင်စီးသူအမျိုးသားတွေက မတ်တတ်ရပ်စီးတဲ့ အမျိုးသမီးတွေထက် ပိုများနေတယ်။
ကားလမ်းပေါ်မှာ ကားတွေကျပ်နေသလို ကားပေါ်ကလူတွေလည်း အနေကျပ်တည်းနေကြတယ်။
ဘတ်စ်ကားစီးရတာဟာ တကယ်ကို စိတ်ပင်ပန်း လူပင်ပန်းမို့ ဘတ်စ်ကားစီးရမှာ အင်မတန်ဝန်လေးပါတယ်။

No comments:

Post a Comment