Sullivan ရဲ့
Sociology စာအုပ်မှ “Looking Glass Self” ဆိုတဲ့ သဘောတရားလေး တခု ပြောပြချင်ပါတယ်။
“တခြားသူတွေက
ကိုယ့်အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကို အာရုံစိုက်လွန်းပြီး ကိုယ့်ကိုယ်ကို ပုံဖော်ခြင်းကို
ခေါ်တာပါပဲ။”
ကလေးတစ်ယောက်ကို
ကျွန်တော်တွေ့ဖူးပါတယ်။ လူကြီးတွေက အဲဒီကလေးကို “သိပ်ရိုသေတတ်တာပဲ” ခဏခဏပြောတယ်။ ကလေးကလည်း
အဲဒါကို အမြဲကြားနေရတာ။ ကြာတော့ အဲဒီမှတ်ချက်ကို အာရုံစိုက်လွန်းသွားတယ်။ အဲဒီမှ သူ့ကိုသူ
ရိုသေတတ်လွန်းသူကလေး မဖြစ်ဖြစ်အောင် အတင်းပုံဖော် လုပ်ယူတော့တာပါပဲ။ ဟုတ်တယ်လေ.. “ဒီကောင်
လူကြီးကို မရိုသေတတ်ဘူး” လို့ အပြောခံရမှာ ကြောက်နေပြီိကိုး..။ အဲဒါနဲ့ပဲ လူတွေ့တိုင်း
အတင်းကြီးကို ရိုသေပြနေတော့တာပဲ။
“ဟုတ်ကဲ့ပါ
ခင်ဗျ”
“ကျွန်တော်
နားထောင်နေပါတယ် ခင်ဗျ”
“ကျွန်တော့်ကို
ဆုံးမပေးပါခင်ဗျ” နဲ့ လက်ကလေးပိုက်၊ ခါးကလေးကုန်းပြီး လူတွေ့တိုင်းကို ပြောနေတော့တာ။
ကြာတော့ အမြင်ကတ်ဖို့
ကောင်းလာတယ်။
ဒါ သူ အစစ်
မဟုတ်တော့ဘူးလေ။ တခြားသူတွေရဲ့ ထင်မြင်မှုကို ရယူဖို့၊ တခြားသူတွေက သူ့အပေါ် စိတ်ကျေနပ်ဖို့
အတွက် လိုက်လုပ်ယူနေတဲ့ အပြုအမူတွေပဲ။
လူကြီးကို ရိုသေတာက
ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်တဲ့ အပြုအမူအစစ် မဟုတ်ပဲ တခြားသူတွေရဲ့
အမြင်ကို မှီခိုပြီး အတု လုပ်ပြ နေတာကတော့ သနားစရာကောင်းလွန်းပါတယ်။
အဲဒီလို ကိုယ့်ကို
အကောင်းပြောတာခံချင်တဲ့ ရောဂါကလည်း အန္တရာယ် မသေးပါဘူး။
သူများ ချီးကျူးတာ
ခံချင်လို့လုပ်တာ..။ လူမြင်ကောင်းပါစေတော့ ဆိုပြီး မျှောလိုက်နေတာတွေကတော့ အတု တွေပဲ။
ကိုယ်ဘာကို
တကယ်ယုံကြည်သလဲ။
ကိုယ်ဘာကို
တကယ်လုပ်ချင်သလဲ။
အရင်ဆုံး ကိုယ့်ကိုယ်ကို
သိမြင်နားလည်လာအောင် လုပ်ပါ။
ကိုယ့်လမ်းစဉ်ကို
ကိုယ့်အတွေးအခေါ်အပေါ် ကိုယ်ခြေစုံပြီး ဆုံးဖြတ်ပါ။
(မင်းခိုက်စိုးစံ၏
ခောတ်သစ်တစ်ခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး စာအုပ်မှ)
This comment has been removed by the author.
ReplyDelete