Tuesday, March 8, 2016
ကိုယ် သိသားပဲ...
ဒီနေရာကနေ အိမ်ပြန်မယ်ဆိုရင်
နေ့ဝက်အတွင်း ရောက်နိုင်တယ်။
ဒါပေမယ့် လေယာဉ်တွေကြည့်ပြီး
...
ကိုယ့်အခန်းပဲ ပြန်လာလိုက်တယ်။
ဘဝဆိုတာ...
ကိုယ်ဖြစ်ချင်တာတွေကို
မဖြစ်ချင်တာတွေနဲ့မျှပြီး
စိတ်ရှည်ရှည်ထား
စောင့်ဆိုင်းရတာမျိုးလေ။
အပင်တွေ..အပင်တွေ...
လှနေလိုက်တာ
အရွက်တွေဟာ...
အပင်ပေါ်မှာတင် လှတာမဟုတ်ဘူး။
ကြွေကျရင်တောင်
...
ကဗျာဆန်နေတယ်။
ဟော... ဟိုမှာ
ဗာဒံရွက်တစ်ရွက်
ကြွေကျလာတာ ကြည့်
လေထဲဝဲပျံဆင်းလာရင်း
ကိုယ်ငေးနေတာ သိသလိုလို
ခဏရပ်..အရှိန်သတ်
ပြီးမှ...
ဆက်လျှောဆင်းသွားတယ်
ပင်ခြေရောက်တော့လည်း
ကြွေနှင့်တဲ့အရွက်တွေကြားမှာ
ငြိမ်သက်ဝပ်ဆင်းလို့...
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)